Web Solution Services in Myanmar | eTrade Myanmar
0247c-team1.jpg

eTrade Myanmar Co., Ltd. ကို ၂၀၀၃ ခုနှစ်မှာ စတင် တည်ထောင်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အကောင်းဆုံး Web Design နဲ့ Web Development ဝန်ဆောင်မှု ကုမ္ပဏီတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီး အောင်မြင်စွာရပ်တည်လာခဲ့တာဟာ အခုဆိုရင် ၁၉ နှစ်ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ သင့်လုပ်ငန်းအတွက် Website တစ်ခု ရေးဆွဲဖို့ အမှန်တကယ်ကူညီပေးမယ့် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သော၊ တီထွင်ဖန်တီးနိုင်စွမ်းရှိသော၊ သင့်လိုအပ်ချက် တွေအပေါ် အသေးစိတ် အကြံပြုဆွေးနွေးပေးနိုင်သော ဝန်ထမ်းများနဲ့ ဖွဲ့စည်းထားကာ ISO အသိအမှတ်ပြု လက်မှတ်ရ ကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်း တွေအတွက်သာမက အခြား အဖွဲ့အစည်းတွေအနေနဲ့ပါ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်မယ့် Domain Name များ၊ Web Hosting Package များကို လူကြီးမင်းတို့ရဲ့ လိုအပ်ချက်တွေနဲ့အညီ အသုံးပြုနိုင်အောင် အသက်သာဆုံးနှုန်းထားနဲ့ အကောင်းဆုံး ဝန်ဆောင်မှုပေးနေပါတယ်။ အခုဆိုရင် ကုမ္ပဏီပေါင်း ၁၁၀၀ ကျော်ရဲ့ Website တွေကို အောင်မြင်စွာ ရေးဆွဲလွှင့်တင်ပေးခဲ့ပြီး ဖြစ်ပါတယ်။ အခုမှ စီးပွားရေးလုပ်ငန်း စတင်ပြုလုပ်မယ့်သူတွေ၊ အသေးစား၊ အလတ်စားနဲ့ အကြီးစားစီးပွားရေး လုပ်ငန်းတွေအနေနဲ့ Digital ခေတ်ကြီးထဲမှာ ပြိုင်ဘက်တွေရဲ့နောက်မှာ မကျန်ရစ်ခဲ့အောင်၊ ကိုယ့်ရဲ့ ဖောက်သည်တွေ၊ ဖောက်သည်ဖြစ်လာမယ့်သူတွေနဲ့ အမြဲတမ်း ထိတွေ့ဆက်ဆံနိုင် အောင်၊ ကုန်အမှတ်တံဆိပ်တွေနဲ့ ဝန်ဆောင်မှုတွေကို ဈေးကွက်မြှင့်တင်ရေးပြုလုပ်နိုင်အောင် Website တစ်ခုကတော့ မဖြစ်မနေ ရှိထားသင့်ပါတယ်။ လူကြီးမင်းတို့ရဲ့ လိုအပ်ချက်များနဲ့အညီ စိတ်တိုင်းကျ Website များ ရေးဆွဲပေးဖို့ eTrade Myanmar Co., Ltd. မှ အမြဲအဆင်သင့် ရှိနေပါတယ်။

Some Facts About Us

More than 1100 web developed

99 %

Satisfied Customers

20 k

Hours of Coding

21 yr

Of Rich Expertise

1100 +

Website

Our Clients